Thursday, August 30, 2007

လက်သစ်တောင်တာ ဆုံးမစာ

မတွေ့ခိုက်ရန် မကျူးလွန်နှင့်
မျက်မာန်ဒေါသ မထွက်ရအောင်
မာန်မာနကို ချုပ်ကြလေ ။ ။

သေနှင့်အရက် စီးပွားပျက်ကို
တစ်စက်ကယ်မျှ မသောက်ကြနှင့်
ရှောင်ကြပါလေ
ရှင်တော်ဟောသည့် အဆိပ်ရေ ။ ။

ကိုယ်နှင့်လည်းစား
သတ္တ၀ါကို ကြင်နာလှစေ
သူ့အသက်ကို ချစ်ပါလေ။ ။

သူ့၏ဥစ္စာ သူ့ဘဏ္ဍာကို
မေတ္တာမရှေး သူမပေးက
ဆေးတစ်အိုးမျှ မယူကြနှင့်
ရှောင်ကြပါလေ ။ ။

ကာမမိစ္ဆာ သူ့အိမ်ရာကို
မြင်ကာခဏ လူသတ်ကျူးသည့်
ဘီလူမသို့ စိတ်ကမသွေ
ထင်မိစေ ။ ။

သူ့ကိုမမှား မလှည့်စားနှင့်
စကားစမြည်း မြွက်သည့်စစ
ပြောသမျှကို မှန်လှစေ ။ ။

အပါယ်လေးပါး လာမည့်အကြောင်း
မကောင်းမှုမှ စပ်သမျှကို
ရှောင်ကြပါလေ သေကာထုတ်ချောက်
ငရဲရောက်မည် ကြောက်ရွံ့စေ။ ။

ရှင်မဟာ ရဋ္ဌသာရ ဆုံးမစာ

No comments: