Monday, July 23, 2007

I miss u !



















လွမ်းလွမ်း ဆွေးဆွေး
ချူချူချာချာ မောင့်သည်းညှာကို
သာသာပိုပို ချစ်ဖွယ်ဆို၍
တင်းတင်းကြပ်ကြပ် အပွေ့ဖက်နှင့်
လှည့်လှည့်ပတ်ပတ် စကားဝှက်၌
ကျေကျေနပ်နပ် ရင်လှိုက်စွာဖြင့်
ကြင်သူတွေသို့ မေ့မေ့မြောမြော
ဖောင်းဖောင်းမို့မို့ ခင့်ပါးအို့ကို (ပအို့)
ရှိုက်ရှိုက်မက်မက် နမ်းလိုက်မိ၍
တမ်းတမ်းတတ ထိုခဏကို
အတွေးခပ်သိမ်း စိုးမိုးစွာဖြင့်
မှန်းဆမျှော်တွေး ပြန်ဆုံရေးကို
အလွမ်းကျေးကျွန် ဤသည်းဖြူသည်
လွမ်းဆွေးမဆုံး ရှိစေမင်း။ ။
သူရိန်မင်းလွင်
ရခိုင်သူမြတ် (သို့) ကန်တော်မင်းကျောင်းဆရာတော်တို့ အား တောင်းပန်းအပ်ပါသည်။

No comments: